အခုလပိုင်းအတွင်း ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ရှိတဲ့ ဈေးအမြင့်ပိုင်း လျှပ်စစ်သုံး EV မော်တော်ယာဉ်တွေရဲ့ အရောင်းအဝယ်က အေးနေတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ကားဈေးကွက်ထဲမှာ ကျပ်သိန်း ၁၀၀၀ ကနေ ကျပ်သိန်း ၁၅၀၀ ဝန်းကျင် EV ကားတွေကတော့ အရောင်း အဝယ် ပုံမှန်ရှိတယ်လို့ ဆိုပါတယ်။

ဈေးကွက်ပေါက်ဈေးထက်ပိုပြီး ဈေးဆွဲတင်ရောင်းချခဲ့တဲ့ EV ကားဈေးနှုန်းတွေဟာ အခုနှစ် အစောပိုင်းကတည်း က ပုံမှန်ပေါက်ဈေးကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်ထဲမှာ ကားအရောင်းအဝယ် အေးနိုင်တယ် လို့ သုံးသပ်ထားကြပေမဲ့ အရောင်းအဝယ်တွေက ပုံမှန်အတိုင်းရှိနေတယ်လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။ သင်္ကြန်ကာလမှာ တချို့ SKD ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေက ထုတ်လုပ်မှုတွေ ရပ်နားထားတာကြောင့် ဈေး အနည်းငယ်တက်တဲ့ ကားအမျိုးအစားတချို့ရှိနေပေမယ့် ကားသစ်တွေ ပြန်ထုတ်ရင်တော့ ဈေးနှုန်းတွေ ပုံမှန်အ တိုင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကားအမျိုးအစားတွေကတော့ ဆူဇူကီး ၊ ဂျက်တိုး Jetour ၊ ဟွန်ဒိုင်း Hyundai ၊ တိုယိုတာ စတဲ့ ကားတွေဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ ကျော်တန် ကားအမျိုးအစားတွေ အရောင်းအဝယ် ဖြစ်နေတယ် လို့ သိရပါတယ်။တစ်ပတ်ရစ်ကားဈေးကွက်ထဲမှာလည်း ကျပ်သိန်း ၁၀၀၀ ကနေ ကျပ်သိန်း ၄၀၀၀ ဝန်းကျင် ကား အမျိုးအစား တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းကားဈေးကွက်က SKD ကားအသစ် ထုတ် လုပ်တဲ့ အရေအတွက်နဲ့ ပြည်တွင်းငွေလဲနှုန်းပေါ် မူတည်ပြီး အပြောင်းအလဲ ဖြစ်နေတာဖြစ်ပါတယ်။