ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ဇူလိုင်လအတွင်းက ယာဉ်မတော်တဆမှု ၁၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်၊၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ရှိခဲ့ပြီး သေဆုံးသူ ၉ ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိကာလမှာ မိုးများတဲ့အတွက် အရှိန်ပြင်းပြင်းမောင်းနှင်တာ၊ မူးယစ်တာ၊ အိပ်ငိုက်တာ၊ လမ်းကူးသူပေါ့ဆတာ၊ ဆိုင်ကယ်ပေါ့ဆတာ၊ အနှေးယာဉ်ပေါ့ဆတာ၊ ယာဉ်မောင်းမကျွမ်းကျင်တာနဲ့ မဆင်မခြင်မောင်းနှင်တာ၊ ဘီးပေါက်တာ၊ စက်ချို့ယွင်းတာ၊ တံတားနဲ့ လမ်းချော်တာတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားရတာဖြစ်ပြီး လူကြောင့်ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုက အများဆုံးဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အမြန်လမ်းရဲတပ်ဖွဲ့အနေနဲ့လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ယာဉ်တွေကို အရေးယူဆောင်ရွက်တာတွေကို ပြုလုပ်နေတယ်လို့သိရပါတယ်၊၊