စက်သုံးဆီတင်သွင်းလာတဲ့ သင်္ဘောတွေ စဉ်ဆက်မပြတ်ဝင်ရောက်နေတဲ့အတွက် ရက်ပိုင်းအတွင်း အဆင်ပြေစွာ ဖြန့်ဖြူးပေးနိုင်မယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
လတ်တလောမှာတော့ ကောလာဟလသတင်းတွေနဲ့ သတင်းမှားတွေဖြန့်ချိတာတွေကြောင့် ရန်ကုန်မြိုအပါအဝင် မြိုကြီးအချိုရဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ သာမန်မဟုတ်ဘဲ ဝယ်လိုအားအထူးမြင့်တက်ခဲ့တယ်လိုဆိုပါတယ်။

အဲဒီအပြင် မိုးကြီးတဲ့ကာလဖြစ်တာကြောင့် ဆီတင်ကားဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ သတိထားမောင်းနှင်ကြတဲ့အတွက် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ ယာယီစက်သုံးဆီပြတ်လပ်မှုတွေကြုံတွေ့ခဲ့ရတယ်လို ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင်မတည်ငြိမ်တဲ့ ဒေသတွေမှ ပြောင်းရွှေ့လာသူအများစုဟာ မြိုကြီးတွေကိုရောက်ရှိလာတဲ့အတွက် စက်သုံးဆီလိုအပ်ချက်တွေကလည်း မြိုကြီးတွေမှာပိုမိုခဲ့တယ်လိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သီလဝါရှိ စက်သုံးဆီသိုလှောင်ကန်တွေမှာလည်း စက်သုံးဆီလုံလောက်စွာရှိတဲ့အပြင် နိုင်ငံခြားမှစက်သုံးဆီ တင်သွင်းလာတဲ့ သင်္ဘောတွေလည်း စဉ်ဆက်မပြတ် ဝင်ရောက်နေတယ်လိုထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့ကြောင့် စက်သုံးဆီပိုမိုလျင်မြန်စွာဖြန့်ဖြူးပေးနိုင်ဖို့ လိုအပ်ချက်တွေကို ပူးပေါင်းညှိနှိင်းဆောင်ရွက်နေကြတဲ့အတွက် ရက်ပိုင်းအတွင်း စက်သုံးဆီတွေ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။