စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ် ၅ ရက်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေကိုထုတ်ပြန်ရာမှာ အရင်နေ့ကထက် ဈေးနှုန်းမပြောင်းလဲဘဲ အမြင့်ဈေးမှာဆက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၅ ရက်အတွက် ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းဈေးတွေအနေနဲ့ အောက်တိန်း 92 တစ်လီတာကို ၂၇၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၉၂၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒီဈေးနှုန်းတွေဟာ အရင်နေ့တွေက ဈေးနှုန်းတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင် ဈေးနှုန်းမပြောင်းလဲဘဲ အမြင့်ဈေးမှာပဲ တည်ငြိမ်နေသလို မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေရဲ့ စက်သုံးဆီရည်ညွှန်းဈေးကလည်း အမြင့်ဈေးမှာပဲ တည်ငြိမ်နေတာကိုတွေ့ရပါတယ်။

ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေဖို့နဲ့ ပြတ်လပ်မှုမရှိစေဖို့အတွက် သီလဝါသိုလှောင်ကန်တွေမှာ လာမယ့် ဩဂုတ် လ ဒုတိယပတ်အကုန်ထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးထားပြီး ဆီတင်သင်္ဘောတွေလည်း ဝင်ရောက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။