ပြင်သစ်မော်တော်ကားထုတ်လုပ်သူ Renault နဲ့ တရုတ်အခြေစိုက် Geely မော်တော်ကားကုမ္ပဏီတို့ပူးပေါင်းပြီး ဘရာဇီးမှာ ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ကားတွေ ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း CNA သတင်းမှာ ရေးသားထားပါ တယ်။

ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းတဲ့ မော်တော်ကားတွေ ထုတ်လုပ်ရောင်းချဖို့အတွက် သဘောတူညီချက်ကို Renault နဲ့ Geely ကုမ္ပဏီနှစ်ခုက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပြီး မကြာခင်ဈေးကွက် အတွင်းမှာ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး Renault က “ Renault do Brasil” အဖြစ် Geely Holding ကို မိတ်ဖက်ပြုလိုက်တာပါ။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ Renault နဲ့ Geely ကုမ္ပဏီနှစ်ခုက တိုးတက်မှုနဲ့ စျေးကွက်သစ်တွေ ရရှိဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ပြီး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။