ဆန်ဈေးတင်ရောင်းချမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား ကာဆာမတ်ဆုဟီယိုရှီကို ဩဂုတ် ၁၂ ရက်က ပြန် လွှတ်ပေးခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ AEON Orange ဈေးဝယ်စင်တာရဲ့ ဒါရိုက်တာ ကာဆာမတ်ဆုဟီယိုရှီကို တရားရုံး က ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ချမှတ်ပြီးနောက် ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

တရားရုံး စီရင်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဩဂုတ် ၁၂ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ လစဉ်ထုတ်ပြန်တဲ့ သင့်တင့်မျှတတဲ့ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်ပိုတင်ရောင်းချတဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ယောက်နဲ့ AEON Orange ဈေးဝယ် စင်တာရဲ့ ဒါရိုက်တာ ကာဆာမတ်ဆုဟီယိုရှီ အပါအဝင် နာမည်ကြီး ဈေးဝယ်စင်တာတွေက တာဝန်ရှိသူ ၄ ယောက်တို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခဲ့တယ်လို့ နစက သတင်း ထုတ်ပြန်ရေးအဖွဲ့က ဇွန်လ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။