ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လက်ရှိအချိန်မှာ ဘဏ်၇ခုက ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားပါတယ်။
မြဝတီမြို့မှာ မူလကပုဂ္ဂလိကဘဏ်၁၅ဘဏ်က ဘဏ်ခွဲ၂၀ဖွင့်လှစ်ထားတာဖြစ်ပြီး နယ်မြေဒေသအခြေအနေကြောင့် ဘဏ်၁၃ဘဏ်က သူတို့ရဲ့သက်ဆိုင်ရာဘဏ်ခွဲတွေကို ယာယီပိတ်သိမ်းခွင့်တင်ခဲ့တဲ့အတွက် ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ နယ်မြေအခြေအနေ တည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ယာယီပိတ်ထားခဲ့တဲ့ ဘဏ်တွေထဲက ၅ဘဏ်ကပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ တင်ပြခဲ့တာကို ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် လက်ရှိမှာတော့ မြဝတီမြို့မှာ MCB၊ FPB၊ CB Bank PCL၊ YOMA၊ MOB၊ uabနဲ့ SMEDBစတဲ့ ဘဏ်၇ဘဏ်က ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ဖြေကြားချက်အရ သိရပါတယ်။