အက္ခရာ ၁ လုံး နဲ့ ဂဏန်း ၅ လုံးပါတဲ့ 5 Digits အောင်ဘာလေအွန်လိုင်းသိန်းဆုထီ ပုံစံသစ်ကို အောက်တိုဘာ ၁၅ ရက်ကစပြီး ရောင်းချပေးမှာဖြစ်တယ်လို့ အောင်ဘာလေအွန်လိုင်းထီက ကြေညာထားပါတယ်။
5 Digits အွန်လိုင်း ထီကိုတော့ တစ်လကို ၂ ကြိမ် ရောင်းချပေးမှာဖြစ်ပြီး ရောင်းချမယ့် ကာလတွေမှာ လတစ်လရဲ့ ၁ ရက်ကနေ ၁၄ ရက်ထိ ၁ ကြိမ် နဲ့ ၁၆ ရက်ကနေ လကုန်ရက်မတိုင်မီ ၁ ရက် အလိုအထိ ၁ ကြိမ် ရောင်းချပေးမှာ ဖြစ်ပါတယ်။
ထီဖွင့်ပွဲကိုတော့ ပထမအကြိမ်အတွက် လစဉ် ၁၆ ရက်နဲ့ ဒုတိယအကြိမ်အတွက် နောက်လရဲ့ ၂ ရက်နေ့မှာ ပုံမှန် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထီဆုတွေအနေနဲ့ကတော့ Jackpot ဆု၊ ယူနစ်ဆုနဲ့ နှစ်သိမ့်ဆုတွေ နဲ့ ထီဆုတွေ ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး Jackpot ဆုရဲ့ ထီလက်မှတ်ကံထူးရှင်ကိုတော့ ၃ ကြိမ်တိတိ ဖွင့်လှစ် ရွေးချယ် ပေးမှာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
5 Digits အွန်လိုင်းထီကို အရင် Aung Bar Lay အပလီ ကေးရှင်းမှာ ဝယ်ယူကံစမ်းနိုင်ပြီး ထီလက်မှတ် ငွေပေးချေတာနဲ့ ထီဆုငွေ ထုတ်ယူတာတွေကတော့ အရင် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အတိုင်း ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။