ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမားအယောက် ၇၀၀ လောက်ကို ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာ ပေးပို့ထားတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၁၂ ခုရဲ့ အချက် အလက်တွေကို စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
စိစစ်ရာမှာတော့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ် ရေး ကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ / ကုမ္ပဏီ တွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိ မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
စိစစ်ချက်တွေအရ မြန်မာအလုပ်သမား အမျိုးသား ၂၈၀ လောက်နဲ့ အမျိုးသမီး အယောက် ၄၀၀ ကျော် စုစုပေါင်း အယောက် ၇၀၀ လောက် ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရ ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း ဂျပန် ကုမ္ပဏီ ၃၆၀ ကျော်က မြန်မာအလုပ်သမား ၁၅၀၀ ကျော် ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါသေးတယ်။