အင်ဒိုနီးရှားနိုင်ငံကနေ တင်သွင်းလာတဲ့ ဆီတန်ချိန် ၅၃၀၀ ပါရှိတဲ့ စားအုန်းဆီတင်သင်္ဘောကြီးဟာ ပြီးခဲ့တဲ့ ရက် ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ရောက်ရှိ ဖြည့်တင်းခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆီသိုလှောင်ကန်ကြီးတွေမှာ ဆီတန်ချိန် လေးသောင်းကျော် ရှိပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖြန့်ချိရေးအပိုင်းမှာ ကုမ္ပဏီ ၂၆ ခုနဲ့ လစဉ် ဆီတန်ချိန် သုံးသောင်းကျော် ဖြန့်ချိပေးနေပြီး ရန်ကုန်တိုင်းဒေသကြီး မှာရှိတဲ့ လက်လီဆိုင်ပေါင်း ၅၈၀၀ ကျော်က မြို့နယ်အလိုက် တစ်ရက်ကို ဆီပေပါ ၂၆၆၀ ကျော် ဖြန့်ချိပေးနေရ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆီစားသုံးသူပြည်သူတွေ စိတ်ချမ်းသာစွာ သုံးစွဲနိုင်ဖို့အတွက် ဆီတင်သင်္ဘောကြီးတွေ စဉ်ဆက်မ ပြတ်ဝင်ရောက်နိုင်ဖို့ တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
ဇွန်လ ၂၄ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ်ပိဿာကို ၅၄၀၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့အပတ်ကတော့ ၅၃၇၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။