ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကို တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်အစိုးရ နိုင်ငံခြားရေးရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလီရှန်းပင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၁၈ ရက်မှာ လာရောက်တွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ ဟေလုံကျန်းပြည်နယ်တို့အကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းတွေ စတင်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတွေကို ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်၊၊
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီးတစ်ခုဖြစ်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်တဲ့ ပင်လယ်ဆိပ် ကမ်းမြို့ကြီးလည်းဖြစ်သလို ကုန်သွယ်မှုပြုလုပ်မယ်ဆိုရင် ဆန်နဲ့ပဲအမျိုးမျိုးကို ကုန်သွယ်မှုပြုလုပ်လိုတယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်(၂၉)ဇုန်ထဲမှာ တရုတ်ပြည်သူသမ္မတနိုင်ငံက လာရောက် ရင်းနှီးမြှုပ်နှံ လျက်ရှိရာမှာ အထည်ချုပ်လုပ်ငန်းက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်နိုင်ငံတွေဖြစ်ပြီး အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် နေထိုင်ခဲ့သလို ကိုဗစ်ကာလ၊ မိုခါမုန်တိုင်းကာလနဲ့ ပညာရေးကဏ္ဍတွေအတွက် လှူဒါန်းမှုတွေအပေါ် ကျေးဇူး တင်တယ်လို့လည်း ဦးစိုးသိန်းက ပြောပါတယ်၊၊