မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဇွန်လ ၁၇ ရက်က အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါဟာ အခုဇွန်လအတွင်း ပထမဆုံးအကြိမ်အဖြစ် Online Trading Platform ကတစ်ဆင့် ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်တွေကို ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။
အခုလို နိုင်ငံခြားငွေတွေ တရားဝင် ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားငွေ ဝယ်ယူရေးအခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ မေလတုန်းကလည်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ကန်ဒေါ်လာ ၁၀ သန်း၊ ယွမ် ၂၂ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၃၀ အထိ ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်အနေနဲ့ အွန်လိုင်းဒီဂျစ်တယ် ငွေပေးချေမှု ငွေလွှဲပြောင်းမှုတွေအတွက် ဆောင်ရွက်နိုင်မယ့် ပမာဏတွေကို ပြင်ဆင် သတ်မှတ်လိုက်တယ်လို့ လည်း ဇွန်လ ၁၂ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။