ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ အခန်းပေါင်း ၂၀၀၀ နီးပါးကို ထပ်မံနေရာချထားပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
အဲဒီအငှားအိမ်ရာမှာ အခုဇွန်လအတွင်း အခန်းပေါင်း ၈၁၀၊ ဇူလိုင်လမှာ ၈၆၄ ခန်းနဲ့ ဒီဇင်ဘာလမှာ ၂၇၂ ခန်း ထပ်မံနေရာချထားပေးဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အခန်းပေါင်း ၁၁၆၈ ခန်းကို နေရာချထား ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာကို နေရေးအခက်အခဲရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ ပြည်သူတွေ ဈေးနှုန်းသက်သာစွာ ငှားရမ်းနေထိုင်နိုင်ဖို့ တည်ဆောက်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။