အခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇွန်လ ၇ ရက်အထိ နှစ်လကျော်ကာလအတွင်းမှာ ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်၊၊
အခုဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တု တွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနဲ့ တခြားပို့ကုန်တွေ တင်ပို့မှုကနေ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံကျော် ရရှိထားသလို အဲဒီပို့ကုန်တင်ပို့မှုတွေထဲမှာတော့ စက်မှုကုန်ချောတင်ပို့မှုက အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
စက်မှုကုန်ချောတွေထဲမှာတော့ ချုပ်ပြီးအထည်တင်ပို့မှုက ပထမနေရာမှာရှိနေပြီး သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ စတဲ့ ပစ္စည်းတွေလည်း တင်ပို့နေသလို ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ CMP တွေကိုလည်း တင်သွင်းနေတယ်လို့ သိရပါတယ်၊၊