အခုဆောင်းတွင်းကာလဟာ ရှမ်းကုန်အထွက်များပြီး စျေးကျလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အရင်နှစ်တွေလောက် စျေးကျဆင်းမှာ မဟုတ်ဘူးလို့ ရောင်းချသူတွေက ပြောပါတယ်။ အခုနှစ်က မကွေးတိုင်းအတွင်းမှာ ခရမ်းချဥ်၊ ပန်းမုန်လာ၊ ဂေါ်ဖီ စတဲ့ သီးနှံတွေ စိုက်ပျိုးမှုနည်းတဲ့အတွက် ရှမ်းကုန်စိမ်းတွေကိုပဲ အဓိကအားထား ရောင်းချ နေကြရတယ်လို့ သိရပါတယ်။
ဆောင်းရာသီဆိုရင် ရှမ်းကုန်တွေက ပုံမှန်စျေးကျနေကြ ဖြစ်ပေမယ့် အခုနှစ် ကတော့ တိုင်းအတွင်းက ကုန်စိမ်း ထွက်ရှိမှုမရှိတဲ့အတွက် အရင်နှစ်တွေလိုတော့ စျေးအရမ်း မကျနိုင်ဘူးလို့ ဆိုပါတယ်။ မကွေးမြို့က စျေးတွေမှာ ခရမ်းချဥ်သီး၊ ပန်းမုန်လာ၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဘိုစားပဲ၊ ပန်းငရုတ်၊ မုန်ညင်း၊ ဂေါ်ရခါးသီး စတဲ့ ရှမ်းကုန်စိမ်းတွေကို ရောင်းချကြတာပါ။ ရှမ်းကုန်စိမ်းစျေးကွက်ဟာ ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာလကနေ ဇန်နဝါရီလအတွင်းက စျေးကျတဲ့အချိန်ဖြစ်တယ်လို့ သိရပါတယ်။