မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)ကနေ ဓာတ်ဆီဂါလန် ၉ သိန်းကို တင်ဒါ စနစ်နဲ့ ရောင်းချပေးသွားမယ်လို့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း တင်ဒါလက်ခံရေး နဲ့ စိစစ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။
မူလက သံပရာကန်ကနေ ထုတ်လုပ်တဲ့ ဓာတ်ဆီဂါလန် တစ်သန်းကို ဇူလိုင်လ ၂ ရက်မှာ တင်ဒါစနစ်နဲ့ ဖွင့်လှစ်ရောင်းချမယ့် တင်ဒါကို ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။
တင်ဒါပြန်လည်ခေါ်ယူရောင်းချမှုအနေနဲ့ ဇူလိုင် ၂ ရက်မှာ ဓာတ်ဆီဂါလန် ၃ သိန်း၊ ဇူလိုင် ၁၈ ရက်မှာ ဓာတ်ဆီ ဂါလန် ၃ သိန်း နဲ့ ဩဂုတ် ၆ ရက်မှာ ဓာတ်ဆီဂါလန် ၃ သိန်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
တင်ဒါအဆိုပြုလွှာ ကိုတော့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှဝ် ၄၄၊ နေပြည်တော်မှာ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။