ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ အောက်တိုဘာလ ၁၄ ရက်ကနေ အောက်တိုဘာလ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် စားအုန်းဆီ တစ် ပိဿာကို ၆၃၅၅ ကျပ်သတ်မှတ်ထားတယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်က ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာကို ၆၇၂၀ ကျပ်နဲ့ ၆၄၅၅ ကျပ် သတ်မှတ်ခဲ့တာဖြစ်ပြီး အခုတစ်မှာတော့ ၆၃၅၅ ကျပ် သတ်မှတ်ထားတဲ့အတွက် ရည်ညွှန်ဈေးဟာ နှစ်ပတ်ဆက်တိုက်ကျဆင်းလာတာကို တွေ့ရပါတယ်။
စားအုန်းဆီရည်ညွှန်းဈေးတွေ ကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးနေတာဖြစ်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချတာနဲ့ မသမာတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။