အောက်တိုဘာ၁ရက်ကနေ ၄ရက်အထိ လေးရက်အတွင်း တရားမဝင်ကုန်ပစ္စည်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်၁ဒသမ၈ဘီလီယံနီးပါးဖိုး ဖမ်းမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကနေ သိရပါတယ်။
အခုဖမ်းမိတဲ့တရားမဝင် ကုန်ပစ္စည်းတွေထဲမှာ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာ့စက်မှုဆိပ်ကမ်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကနေ ဖမ်းမိတဲ့ ကုန်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လေးရက်အတွင်း ဖမ်းမိတဲ့တရားမဝင်ကုန်ပစ္စည်းတွေကတော့ တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ယာဉ်တွေပါဝင်တယ်လို့လည်း သိရပါတယ်။
ဖမ်းမိတဲ့အမှုတွဲ ၂၉မှုရှိပြီး ခန့်မှန်းတန်ဖိုးအနေနဲ့ ကျပ် ၁ဒသမ၈ဘီလီယံနီးပါးရှိတယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကနေ သိရပါတယ်။