စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အောက်တိုဘာ ၄ ရက်အတွက် စက်သုံးဆီရည်ညွှန်းလက်လီဈေးတွေကို ထုတ်ပြန်ရာမှာ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ကျပ် ၃၀၀၀ အောက်ပြန်ကျသွားတာကို တွေ့ရပါတယ်။
အောက်တိုဘာ ၄ ရက် ရန်ကုန်မြို့ စက်သုံးဆီရည်ညွှန်းလက်လီဈေး တွေကတော့ အောက်တိန်း 92 တစ်လီတာကို ၂၉၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၁၅၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာကို ၂၅၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၃၁၉၀ ကျပ် သတ်မှတ်ထားတာပါ။
ဒီဈေးနှုန်းတွေ ဟာ အရင်နေ့က ဈေးနှုန်းတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အောက်တိန်း 92 တစ်လီတာကို ၁၈၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၄၀ ကျပ် ကျဆင်း သွားတာဖြစ်ပါတယ်။
နေပြည်တော်နဲ့ မန္တလေးအပါအဝင် တခြားမြို့ကြီးတွေရဲ့ စက်သုံးဆီရည်ညွှန်းလက်လီ ဈေးတွေလည်း အရင်နေ့က ဈေးတွေထက် အနည်းငယ်ကျသွားတာကို တွေ့ရပါတယ်။