မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်အခြေအနေ အေးနေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင် က ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်က ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည် အထွေထွေအစည်းအဝေး နဲ့ အသင်းသားစုံညီ အစည်းအဝေးမှာ One Newsရဲ့ မေးမြန်း မှုအပေါ် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်ကာလမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေတဲ့အတွက် အိမ်ခြံမြေဈေးကွက်ကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
ယခင်တုန်းက အိမ်ခြံမြေအရောင်းအဝယ်လိုက်ပေမဲ့ အခုနောက်ပိုင်း အရောင်းအေးနေတာ ဖြစ်တယ်လို့ သိရ ပါတယ်။
အိမ်ခြံမြေတွေအနေနဲ့ ကျပ်သိန်းတစ်ထောင်အောက်တွေက အရောင်းအနည်းငယ်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ မြို့သစ်တွေဖြစ်တဲ့ သန်လျင်၊ကျောက်တန်း၊ပဲခူး၊လှည်းကူး၊မှော်ဘီ၊ဒဂုံမြို့သစ် လေးမြို့နယ်မှာ အရောင်း အဝယ်ရှိပြီးရင်းနှီးမြုပ်နှံတဲ့သူတွေကလည်း စက်မှုဇုန်တွေဘက်ကို အဝယ်နည်းနေတယ်လို့ သိရပါတယ်။