Honda နဲ့ Nissan ကုမ္ပဏီနှစ်ခုဟာ ပူးပေါင်းဆောင်ရွက်ဖို့ ကနဦး သဘောတူညီမှုရယူထားပြီး အဲဒီပူးပေါင်းမှုကို လာမယ့် ၂၀၂၅ ခုနှစ် ဇွန်လမှာ စတင်တော့မှာဖြစ်ကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။
ကုမ္ပဏီ နှစ်ခု ပူးပေါင်းပြီး ပူးတွဲဦးပိုင်ကုမ္ပဏီတစ်ခု တည်ထောင်မယ့် စာချုပ်တစ်ရပ်ကို စတင်အကောင်အထည်ဖော် တော့မှာဖြစ်တယ်လို့ Honda ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။ဂျပန်မှာ ဒုတိယအကြီးဆုံး မော်တော်ကားထုတ်လုပ်သူ Honda ပြီးရင် Nissan က ဈေးကွက်ဝေစု အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Tesla နဲ့ တရုတ်ကားထုတ်လုပ်သူတွေရဲ့ စိန်ခေါ်မှုတွေ ကြီးထွားလာတာကြောင့် Honda နဲ့ Nissan ကုမ္ပဏီ နှစ်ခုပူးပေါင်းပြီး ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး မော်တော်ကားလုပ်ငန်းအဖြစ် ဖန်တီးဖို့လည်း မျှော်မှန်းထား တယ်လို့ သိရပါတယ်။Honda နဲ Nissan တို့ဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ စာချုပ်ကို အပြီးသတ်နိုင်ဖို့အတွက် ရည်မှန်းထားပြီး ၂၀၂၆ ခုနှစ် ဩဂုတ်လမှာ ဦးပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ဖို့လည်း ရည်ရွယ်ထားကြောင်း Honda ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။