မကွေးတိုင်းဒေသကြီး၊ အောင်လံနဲ့ ဆင်ပေါင်ဝဲ ဒေသထွက် ပဲစင်းငုံသီးနှံတွေ အခုနှစ်မှာ အထွက်နှုန်းကျပြီး ဈေး ကွက်မှာလည်း ဈေးမရဖြစ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ပဲစင်းငုံ သီးနှံတွေဟာ အောင်လံသီးနှံ ကုန်စည်ဒိုင်ပွဲရုံတွေကို ဝင်ရောက်လာနေပေမယ့် ပဲစင်းငုံ ၂၀ ပိဿာ တစ်အိတ်ကို ကျပ်ကိုးသောင်းခွဲ စျေးရှိပြီး အရင်နှစ်က ကျပ် တစ်သိန်းတစ်သောင်းခွဲ စျေးရှိခဲ့တာပါ။အခုနှစ်မှာတော့ မိုးလေဝသအခြေအနေနဲ့ကြောင့် အထွက်နှုန်းကျပြီး ဈေးကွက်ထဲမှာလည်း အရင်နှစ်က ဈေးကို မမီဘူးလို့ ဆင်ပေါင်ဝဲမြို့နယ်၊ သမန်းကြီးကျေးရွာက တောင်သူ ဒေါ်ရင်လှက အခုလို ပြောပါတယ်။

အောင်လံနဲ့ ဆင်ပေါင်ဝဲ ဒေသထွက် ပဲစင်းငုံတွေကိုတော့ ရန်ကုန်စျေးကွက်ကတစ်ဆင့် အိန္ဒိယနိုင်ငံကို တင်ပို့နေ တယ်လို့ အောင်လံသီးနှံကုန်စည်ဒိုင်ကနေ သိရပါတယ်။