တောင်ကိုရီးယားဟာ အမေရိကန်ရဲ့စည်းကြပ်ခွန်တွေကြောင့် ထိခိုက်မှုရှိနိုင်တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ရေးစီမံချက်တွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ အစိုးရက မေလ ၁၄ ရက်မှာ ပြောကြားသွားကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

ဒီစီမံချက်တွေထဲမှာ ထောက်ပံ့ပို့ဆောင်ရေးစရိတ်တွေ သက်သာသွားစေဖို့ ဝမ် ၄ ဒသမ ၆ ထရီလီယံတန်ဖိုးရှိတဲ့ငွေကြေးအထောက်အပံ့တွေနဲ့ ပို့ကုန်ဈေးကွက်တွေ ချဲ့ထွင်ဖို့ တခြားပေါ်လစီတွေလည်း ပါဝင်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားထားပါတယ်။မေလအစောပိုင်းတုန်းက တောင်ကိုရီးယားဟာ ပြည်တွင်းက ဝယ်လိုအားနည်းမှုနဲ့ အမေရိကန်ရဲ့ စည်းကြပ်ခွန် တွေကြောင့် ထိခိုက်မှုရှိနိုင်တဲ့ စီးပွားရေးအကျပ်အတည်းကို ထောက်ပံ့ပေးဖို့ အခွန်ပြဿနာအတွက် ငွေကြေး သုံးစွဲသွားမယ့်အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။