အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်အကောက်တွေနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေရှိနေပေမယ့် မတ်လ ၂၀ ရက်က အမေရိကန်ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်လာတာကို CNA သတင်းမှာ ရေးသားထား ပါတယ်။

အခုနှစ်အတွင်း အတိုးနှုန်းထားတွေ ထပ်မံလျှော့ချဖို့အတွက် အမေရိကန်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီး တစ်ရက်အကြာမှာ ဒေါ်လာစျေးနှုန်းတွေက ကျယ်ကျယ်ပြန့်ပြန့် မြင့်တက်လာတာဖြစ်ပါတယ်။အမေရိကန်မူဝါဒချမှတ်သူတွေက မတ်လ ၁၉ ရက်က အတိုးနှုန်းကို တည်ငြိမ်စွာထိန်းထားပြီးနောက် အခုနှစ် နှောင်းပိုင်းကစလို့ အတိုးနှုန်းကို လေးပုံတစ်ပုံ လျှော့ချဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ငွေကြေးဖောင်းပွမှုတွေ အတိုးနှုန်းတွေကို တည်ငြိမ်စွာထိန်သိမ်းထားပြီး နိုင်ငံစီးပွားရေး ပိုမိုခိုင်မာ အားကောင်း လာစေဖို့အတွက် ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell က ပြောကြားထားပါတယ်။

လက်ရှိမှာ ဒေါ်နယ်ထရမ်ရဲ့ အမေရိကန်ကုန်သွယ်ဖက်တွေအပေါ် သွင်းကုန်ခွန် စည်းကြပ်မှုတွေကြောင့် နိုင်ငံစီး ပွားရေးအတွက် အကျိုးသက်ရောက်မှုတွေရှိနေသလို ရင်ဆိုင်နေရတဲ့စိန်ခေါ်မှု များစွာလည်း ဖြစ်ပေါ်နေတာပါ။ဒီလိုအကြောင်းတရားတွေကြောင့် စျေးကွက်တွေ ပျက်သွားမှာကို စိုးရိမ်နေကြပါတယ်။ ဗဟိုဘဏ်က အတိုးနှုန်း ထားတွေ ပြန်ဖြေလျှော့ဖို့ ထိန်းညှိဆောင်ရွက်နေပြီး စီးပွားရေးအင်အား ပြန်လည်ခိုင်မာတောင့်တင်းလာအောင် ဆောင်ရွက်သွားဖို့ကိုလည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။