အင်ဒိုနီးရှားမှာ စမတ်ဖုန်းတွေ ပိုမိုတိုးချဲ့ထုတ်လုပ်ဖို့အတွက် စက်ရုံအသစ်ဆောက်လုပ်ဖို့ Apple ကုမ္ပဏီက ဆွေးနွေးနေကြောင်း The verge သတင်းမှာ ရေးသားထားပါတယ်။

စက်ရုံဆောက်လုပ်ဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ အင်ဒိုနီးရှားအစိုးရနဲ့ ဆွေးနွေးတာတွေ လုပ်နေတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အင်ဒိုနီးရှားမှာ iPhone နောက်ဆုံးထွက် မော်ဒယ်တွေကို အစိုးရက ရောင်းချခွင့် ပိတ်ပင်ထားတာကြောင့် မဟာ ဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် စက်ရုံတည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

အဲဒီစက်ရုံဟာ အရှေ့တောင်အာရှနိုင်ငံမှာ ပထမဆုံး iPhone ထုတ်လုပ်မှု အမှတ်အသားဖြစ်လာမှာဖြစ်သလို အလုပ်အကိုင်တွေ ဖန်တီးပေးဖို့နဲ့ နည်းပညာကုန်ထုတ်လုပ်ငန်းကို မြှင့်တင်ဖို့အတွက် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားအတွင်းမှာပဲ ဆက်စပ်ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက် ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ စတင် ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောကြားထားပါတယ်။