မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းနဲ့ ထိုင်းဘတ်သန်း ၄၀ ရောင်းချပေးမယ်လို့ ဒီဇင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အခုဒီဇင်ဘာလအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ ကန်ဒေါ်လာ သန်း ၅၀ ကျော်၊ ယွမ် ၈ သန်းနီးပါးနဲ့ ဘတ် သန်း ၃၀၀ ကျော် ထုတ်ရောင်းပေးထားပြီး အခုနှစ် ဩဂုတ် ၁ ရက်ကနေ နိုဝင်ဘာလကုန်အထိဆိုရင် ဒေါ်လာ သန်း ၃၀၀ ကျော်၊ ဘတ် ၁ ဒသမ ၂ ဘီလီယံကျော်နဲ့ ယွမ် သန်း ၅၀ ကျော် ထုတ်ရောင်းပေးထားပြီး ဖြစ်ပါတယ်။

အခုလို ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အတွက် အဆင် ပြေနိုင်ပြီး ပြင်ပဈေးကွက်မှာလည်း ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆို ထားပါတယ်။