သွင်းကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ရည်ညွှန်းဈေးနှုန်းတွေ ထုတ်ပြန်သွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ဩဂုတ် ၆ ရက်ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအတွင်း တင်သွင်းလာတဲ့ သွင်းကုန်ပစ္စည်းတန်ဖိုးတွေ ဈေးနှုန်းမှန်ကန်မှုရှိစေဖို့ရည်ရွယ်ပြီး အကောက်ခွန်ဦးစီးဌာနနဲ့ ကုန်သွယ်ရေး ဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းထားတဲ့ သွင်းကုန်တန်ဖိုး စိစစ်ရေးအဖွဲ့က သွင်းကုန်ပစ္စည်းတွေ HS Code လိုင်း ၃၇၃ လိုင်း၊ ကုန်ပစ္စည်းအမျိုးအမည် ၃၂၇၉ မျိုးအတွက် သွင်းကုန်ရည်ညွှန်းဈေးနှုန်းတွေ စိစစ်ပြုစုထားတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် သွင်းကုန်လိုင်စင်လျှောက်ထားတာ၊ သွင်းကုန်ကြေညာလွှာဖွင့်လှစ်ရာမှာ ဩဂုတ် ၁၂ ရက်ကစပြီး ကုန်စည်အလိုက် သတ်မှတ်ထားတဲ့ သွင်းကုန်ရည်ညွှန်းဈေးနှုန်းအတွင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။
သွင်းကုန်ရည်ညွှန်းဈေးနှုန်းတွေကိုတော့ အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ထုတ်ပြန်မှုတွေ ပြုလုပ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။