သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတိုကနေ သွင်းကုန် လိုင်စင်အတွက် လိုအပ်တဲ့ တင်သွင်းခွင့်ထောက်ခံချက်ကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး မြန်မာ အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (MACCS)နဲ့ ပြောင်းလဲအသုံးပြု လျှောက်ထားနိုင်တယ်လို အကောက်ခွန်ဦးစီး ဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတိုက သွင်းကုန် ထောက်ခံချက်ကို Manual စနစ်နဲ့ ဆောင်ရွက်နေတာပါ။အကောက်ခွန် ဦးစီးဌာနအနေနဲ့ သွင်းကုန်ထောက်ခံချက်ကို Manual စနစ်အစား MACCS စနစ်နဲ့ ဆောင်ရွက်နိုင်ဖို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲဆောင်ရွက် တဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုလျင်မြန်လွယ်ကူချောမွေ့သွားနိုင်တယ်လို သွင်းကုန်လုပ်ငန်းရှင်တချိုက သုံးသပ်ပြောကြားပါတယ်။
အကောက်ခွန်ဦးစီးဌာနအနေနဲ့ (MACCS) စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့တာပါ။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကစပြီး သီလဝါ ဆိပ်ကမ်းအပါအဝင် ရန်ကုန်ဆိပ်ကမ်းတွေမှာ အဲဒီစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး မူဆယ်နဲ့ ချင်းရွှေဟော် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာပါ MACCS ကို အသုံးပြုနေတယ်လို သိရပါတယ်။