နိုင်ငံခြားငွေကြေးဈေးကွက်မှာ စားသုံးဆီ၊ စက်သုံးဆီနဲ့ ဆောက်လုပ်ရေးပစ္စည်း တင်သွင်းသူတွေကို ဇူလိုင် ၂၁ ရက်က အမေရိကန်ဒေါ်လာ ၃ သန်းခွဲကျော်နဲ့ ထိုင်းဘတ် ၉ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။


ဗဟိုဘဏ်အနေနဲ့ FX Trading မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေထဲက အမေရိကန်ဒေါ်လာ ၃ သန်းခွဲကျော်ကို စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
အလားတူ ထိုင်းဘတ် ၉ သန်းကျော်ကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

FX Market Online Trading Platform မှာ ဇူလိုင် ၂၁ ရက်က နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တဲ့ ဈေးနှုန်း ကတော့ အမေရိကန် တစ်ဒေါ်လာကို ၃၆၁၈ ကျပ်၊ တရုတ် တစ်ယွမ်ကို ၅၅၁ ကျပ်နဲ့ ထိုင်း တစ်ဘတ်ကို ၁၃၃ ဒသမ ၈၅ ကျပ် ဖြစ်ပါတယ်။