အမေရိကန်ပြည်ထောင်စုကိုတင်သွင်းလာမယ့် သံမဏိနဲ့အလူမီနီယံ တင်သွင်းမှုအားလုံးကို ကင်းလွတ်ခွင့်မရှိဘဲ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမှာဖြစ်ကြောင်း CNN သတင်းမှာ ရေးသားထားပါတယ်။ အမေရိကန်ကို ကနေဒါ၊ ဘရာဇီးနဲ့ မက္ကဆီကိုတို့ကနေ သံမဏိအများစုကို တင်သွင်းနေတာဖြစ်ပြီး အခွန် ၂၅ ရာခိုင်နှုန်း စတင်ပေးဆောင် ရမှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ထိပ်တန်း သံမဏိထုတ်လုပ်သူဖြစ်ပြီး တရုတ်နိုင်ငံကနေ တိုက်ရိုက်တင်သွင်းတဲ့ သံမဏိအနည်းငယ်သာ ရှိနေတာပါ။ အဲဒီသံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုအားလုံးကို ကင်းလွတ်ခွင့်မရှိဘဲ အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမယ့်အစီစဉ်ကို ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုဒုတိယသမ္မတသက်တမ်းမှာ စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တစ်နှစ်ကို သံမဏိနဲ့အလူမီနီယံ တန်ချိန်သန်းပေါင်းများစွာ သုံးစွဲနေတာပါ။

သံမဏိကို ကားတွေနဲ့အခြား အသုံးအဆောင်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ မိုးမျှော်တိုက်တွေ၊ ရေနံတူးစင် တွေ၊ ပိုက်လိုင်းတွေ၊ တံတားတွေနဲ့ အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းတွေမှာ အသုံးပြုနေပြီး အလူမီနီ ယမ်ကို အစားအသောက်နဲ့အဖျော်ယမကာဘူးတွေ၊ ကားတွေနဲ့ လုပ်ငန်းသုံး ဂျက်လေယာဉ်တွေအပြင် အခြား လျှပ်စစ်လိုင်းတွေမှာလည်း အသုံးပြုနေတာဖြစ်ပါတယ်။