သီလဝါအထူးစီးပွားရေးဇုန်က ပို့ကုန်နဲ့သွင်းကုန်တွေရဲ့ လိုငွေပြမှုကို အတတ်နိုင်ဆုံး နည်းပါးအောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊မတ်လ ၁၁ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမမှာ ကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ရဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယအကြိမ်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊

သီလဝါအထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်အပိုင်းမှာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဇန်နဝါရီလအထိ ပို့ကုန်ကနေ အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၄၆၆ သန်းနဲ့ သွင်းကုန်ကနေ အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၂၈၄ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၂၂ ဒသမ ၇၅ သန်းရရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အထူးစီးပွားရေးဇုန်တွေနဲ့ နှိုင်းယှဉ်ပါက အင်မတင်နည်းနေသေးတယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊အဲ့ဒီအပြင် သီလဝါအထူးစီးပွားရေးဇုန်ရဲ့ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေအနေနဲ့ ဇုန်ရဲ့အခြေအနေ၊ ပတ်ဝန်ကျင်နိုင်ငံတွေရှိ အထူးစီးပွားရေးဇုန်တွေရဲ့ အခြေအနေတွေကို အမြဲတမ်းစိစစ်သုံးသပ်ပြီး မိမိအထူးစီးပွားရေးဇုန်ကို ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်၊၊