နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ အထင်ကရဈေးကြီးတစ်ခုဖြစ်တဲ့ သပြေကုန်းဈေးရုံဝန်းအတွင်းက ညဈေးတန်းဟာ ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ရောင်းချသူတွေပြန်များလာပေမယ့် လာရောက်ဝယ်ယူသူတွေ သိသိသာသာ နည်းပါးနေဆဲဖြစ်တယ်လို့ ဈေးရောင်းချသူတွေကပြောပါတယ်။

အဲဒီညဈေးဟာ ငလျင်လှုပ်ခတ်မှုမဖြစ်ပွားခင်က အင်မတန်စည်ကားတဲ့နေရာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရောင်းချသူတွေပြန်လည်များပြားလာပေမယ့် ဝယ်ယူသူတွေနည်းပါးနေဆဲဖြစ်တာကြောင့် ဝင်ငွေတွက်ချေကိုက်မှုမရှိသေးဘူးလို့ ဈေးရောင်းချသူတချိုရဲ့ပြောကြားချက်အရသိရပါတယ်။

ငလျင်လှုပ်ခတ်ပြီး၁၄ရက်အကြာ သပြေကုန်းဈေးရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ မြေပြင်မှာသတင်းသွားရောက်ရယူနေတဲ့ One News က သတင်းအယ်ဒီတာ ဦးကျော်ကျော်လတ်က အခုလိုပြောပြထားပါတယ်။ (stand report)

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့ ဝယ်သူတွေနည်းပါးသွားတာကြောင့် အရင်းပြန်ရဖို့၊ စားသောက်ဖို့နဲ့ အိမ်လခပေးနိုင်ဖို့တောင် အခက်အခဲတွေကြုံတွေ့နေကြရတယ်လို့ ဈေးရောင်းချသူတချို့က ပြောပါတယ်။

သပြေကုန်းညဈေးတန်းအတွင်း လက်ရှိအရောင်းအဝယ်အခြေအနေတွေနဲ့ပတ်သက်လို့ ဈေးရောင်းချသူတချို့က အခုလိုပြောပါတယ်။

ညဈေးတန်းမှာ လာရောက်စားသုံးသူတစ်ယောက်ကလည်း ငလျင်ကြီးမလှုပ်မီအခြေအနေနဲ့ လက်ရှိအခြေအနေ ကွာခြားချက်တွေ၊ ငလျင်လှုပ်ရှားချိန်ကြုံတွေ့ခဲ့ရတာတွေနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

ဒါ့အပြင် သပြေကုန်းဈေးရုံအတွင်းပိုင်းမှာလည်း ငလျင်ကြီးဒဏ်ကြောင့် ဆိုင်ခန်းတွေပျက်စီးမှုရှိခဲ့ပြီး ဆိုင်ခန်းအများစုက ပိတ်ထားဆဲဖြစ်ပြီးတော့ တချို့ဆိုင်တွေကတော့ ဖွင့်လှစ်ရောင်းချနေပေမယ့် ဝယ်ယူသူမရှိသလောက်အနေအထားမှာရှိနေတယ်လို့ ဖိနပ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက One News ကိုပြောပါ တယ်။