ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အမြန်ဆုံး ပြန်လည် လည် ပတ်နိုင်ရေး စီမံဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။

အခုအခါ နိုင်ငံတော်ရဲ့ စက်သုံးဆီ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့အတွက် ထူထောင်ထားပြီးဖြစ်တဲ့ စက်ကိရိယာတွေ၊ အခြေခံအဆောက်အအုံတွေကို ပြန်လည်အသုံးချပြီး စက်ရုံကို အပိုင်းလိုက် တစ်ဆင့်ပြီး တစ်ဆင့် ပြန်လည် လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံလည်ပတ်နိုင်ရေးအတွက် လုပ်ငန်းခွင် စစ်တမ်း ဆောင်ရွက်တာ၊ စက်ရုံဒီဇိုင်းရေးဆွဲတာ၊ စက်ရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေ တပ်ဆင် တာနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို သတ်မှတ်စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။

စက်ရုံကနေ ထုတ်လုပ်ရရှိလာမယ့် စက်သုံးဆီအရည်အသွေးကို အနိမ့်ဆုံး Euro 4 Standard ရရှိအောင် ရည်မှန်း ဆောင်ရွက်မှာ ဖြစ်သလို ရေနံချက်စက်ရုံ လည်ပတ်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်း ကျင်နဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လည်း စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)မှာ အရင်က ဓာတ်ဆီ၊ ဒီဇယ်ဆီ စတဲ့ စက်သုံးဆီတွေကို ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့အညီ သုံးသပ်ဆောင်ရွက် နိုင်ရေးအတွက် ၂၀၁၇ ခုနှစ်ကစပြီး စက်ရုံ လည်ပတ်မှု မရှိဘဲ ရပ်တန့်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။