ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ်-၃ ကနေ ကုန်တင်ယာဉ်ကြီးတွေ ဖြတ်သန်းခွင့် အချိန်ကို သတ်မှတ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြော ပါတယ်။
သန်လျင် အမှတ်-၃ တံတားသစ်ကိုတော့ ဇွန်လ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တံတားအသုံးပြုခတွေကို ဇွန်လ ၁၆ ရက်ကစပြီး ယာဉ်အမျိုးအစားအလိုက် ကောက်ခံနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သန်လျင်တံတားသစ်ကနေ ၆ ဘီး၊ ၈ ဘီး ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် ပြုထားပေ မယ့် ၁၀ ဘီး၊ ၁၂ ဘီး စတဲ့ တွဲကားကြီးတွေ ဖြတ်သန်းသွားလာခွင့် အချိန်သတ်မှတ်ဖို့ကိုတော့ သက်ဆိုင်ရာ ရန် ကုန်မြို့တော်စည်ပင်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
သန်လျင်မြို့နယ်အတွင်း တွဲကားကြီးတွေ ဖြတ်သန်းသွားလာမယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယာဉ်တိုက်မှု အန္တရာယ်တွေရှိနိုင်တာကြောင့် ဖြတ်သန်းသွားလာရမယ့်အချိန်ကို သတ်မှတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သန်လျင်တံတားအမှတ်-၃ မှာ လမ်းအသုံးပြုခတွေ ကောက်ခံမှုစနစ်ကျစေဖို့နဲ့ QR Code System တပ်ဆင်ရေး၊ ယာဉ်တွေသွားလာရာမှာ စနစ်တကျ ရှိစေရေးကို ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။