ခဲမဖြူ၊ အဖြိုက်နက် စတဲ့ ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေ ထူထောင်ထားရှိရမှာ ဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ခဲမဖြူ၊ အဖြိုက်နက် စတဲ့ ရောရာသတ္ထုတွေကို သတ္တုတူးဖော်ထုတ်လုပ်နေ တဲ့ ကုမ္ပဏီတွေက လျာထားချက် ပြည့်မီအောင် တူးဖော်ထုတ်လုပ်နိုင်ခဲ့ပြီး ပြည့်ပတင်ပို့မှုမှာလည်း ပို့ကုန် လျာ ထားချက်အတိုင်း တင်ပို့နိုင်တယ်လို့ ဆိုပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းထိခိုက်မှု မရှိစေရေးအတွက် သတ္တုတူးဖော်ထုတ်လုပ်ခွင့်ရတဲ့ ကုမ္ပဏီတွေအနေနဲ့ သတ္တု ထုတ်လုပ်မှုရဲ့ ၁၀၀ ရာခိုင်နှုန်းကနေ ဓာတ်သတ္ထုခွန်နဲ့ အနည်းဆုံး ၁ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ငွေကို သတ္တုတွင်း တည်ရှိတဲ့ မြို့နယ်မှာရှိတဲ့ နိုင်ငံတော်ပိုင်ဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ပြီး ထည့်သွင်းထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ သုံးလကျော်ကာလအတွင်း ပြည်ပကို ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက် စိမ်း၊ ခဲမဖြူ၊ အဖြိုက်နက် စတဲ့ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုကနေ ကန်ဒေါ်လာ ၄၈ သန်းကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။