ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်တွေအနေနဲ့ လိုင်စင်မလျှောက်ထားဘူးဆိုရင် ရွှေဆိုင်ကို ပိတ်ရမယ်လို သယံဇာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ် ၂ သတ္တုတွင်း လုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိတဲ့ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးသွားမယ်လို သိရပါတယ်။

လိုင်စင်လျှောက်ထားလာခြင်းမရှိသေးတဲ့ ရွှေဆိုင်တွေကို ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ဆိုင်ဖွင့်လှစ်နေတာတွေ့ရှိရင် ဆိုင်ကိုပိတ်ထားရမှာဖြစ်ပြီး အဲဒီရွှေဆိုင်တွေဟာ တစ်ပတ်အတွင်းလုပ်ငန်းလိုင်စင်လျှောက်ထားရမှာဖြစ်တယ် လို အမှတ် ၂ သတ္တုတွင်း လုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။လိုင်စင်လျှောက်ထားဖိုအတွက် ကနဦးစစ်ဆေးရေးအဖွဲတွေက ကူညီဆောင်ရွက်ပေးမယ်လို သိရပါတယ်။လုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ရွှေဆိုင်တွေကိုတော့ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် အမိန့်နဲ့အညီ လုပ်ငန်းလိုင်စင် ခွင့်ပြုချထားပေးမယ်လို သိရပါတယ်။
ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ အနေနဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလည ၁၇ ရက်နေ့အထိ ၃လအတွင်း လျှောက်ထားရမယ်လို သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာ သတ်မှတ်ကာလ ၃လပြည့်ပြီဖြစ်တဲ့အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ လိုင်စင်လျှောက်ထားမှု စုစုပေါင်း ၄၇၅၈ စောင်ရှိတယ်လို သိရပါတယ်။

ရွှေလုပ်ငန်းလိုင်စင်လျှောက်ထားတဲ့အခါမှာ အကျိုးရလဒ်အနေနဲ့ ရွှေဆိုင်တွေအနေနဲ့ စိတ်အေးချမ်းစွာ ရောင်းဝယ် နိုင်မှာဖြစ်ပြီး ရောင်းသူနဲ့ဝယ်သူ နှစ်ဦးနှစ်ဖက်အကြား တည်ငြိမ်ပြီးဈေးကစားမှုမရှိတဲ့ရွှေဈေးကွက်အပေါ် ယုံကြည်မှုရှိလာမှာဖြစ်တယ်လို သိရပါတယ်။ဒါကြောင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူတွေ အနေနဲ့ ဥပဒေနဲ့အညီ လုပ်ငန်းလိုင်စင်လျှောက်ထားကြဖို သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးတိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-YGEA