ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုမပေးနိုင်တဲ့ အေဂျင်စီတွေအနေနဲ့ အေဂျင်စီလုပ်ငန်း မလုပ်နိုင်ရင် လိုင်စင်ပြန် အပ်ဖို့ အလုပ်သမားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ အေဂျင်စီတွေအနေနဲ့ ပြည်ပကို လစဉ် စေလွှတ်တဲ့ အလုပ်သမားဦးရေ လချုပ်စာရင်းကို ပေးပို့ရာမှာ လစဉ်လတိုင်း ပျက်ကွက်မှုတွေရှိတဲ့အတွက် အခုလို အသိပေး ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
အေဂျင်စီလိုင်စင် ယူထားပြီး အေဂျင်စီအလုပ်တွေကို မလုပ်နိုင်ရင် လိုင်စင်ပြန်အပ်စေလိုပြီး လက်ရှိမှာ အလုပ် သမားစေလွှတ်တဲ့ စာရင်းတွေ ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကို ကြိုတင်အသိပေးထားပြီးဖြစ်ရာ ဒဏ်ကြေး ပေးဆောင်ဖို့ အမိန့်ကြော်ငြာစာ ထွက်လာချိန်မှာ ထပ်မံသတိပေးမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက် အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ပြည်ပကို စေလွှတ်တဲ့ လုပ်သားဦးရေ လချုပ်စာရင်းပေးပို့ဖို့ ပျက်ကွက်တဲ့ ပြည်ပအလုပ် အကိုင်အေဂျင်စီ ၁၁ ခုရှိပြီး အေဂျင်စီ လေးခုဟာ စေလွှတ်စာချုပ်ပေးပို့လာပေမယ့် သတ်မှတ်ထားတဲ့ ဇယားပုံစံ မှားယွင်းနေတာကြောင့် ပြန်လည်တင်ပြခိုင်းထားရာ အကြောင်းမပြန်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။

