ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ရင်စနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီးတို့ ဖေဖော်ဝါရီ၂၂ရက်က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းတွေချမှတ်ဆောင်ရွက်ရာမှာ ကျွမ်းကျင်လုပ်သားတွေရရှိရေး၊ အခြေခံလိုအပ်ချက်တွေ ပြည့်စုံမှုရှိရေးတို့အပါအဝင် ရေရှည်အကျိုးကိုကြည့်ပြီး သုတေသနပြု စနစ်တကျ တွက်ချက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနဲ့ဓာတုထွက်ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးတို့မှာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်ဖို့ အသင့်ရှိတဲ့အခြေအနေတွေ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမယ့်အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။