စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ် ၁၆ ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေကိုထုတ်ပြန်ရာမှာ အရင်နေ့ကထက် ဈေးတွေမြင့်တက်သွားတာကိုတွေ့ရပါတယ်။
ဩဂုတ် ၁၆ ရက်အတွက် ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာကို ၂၉၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၀၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၅၆၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၁၅ ကျပ် သတ်မှတ်ထားပါတယ်။ ဒီဈေးနှုန်းတွေဟာ အရင်နေ့ကဈေးနှုန်းထက် အောက်တိန်း 92 တစ်လီတာ ကို ၁၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၁၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၁၇၀ ကျပ် ဈေးတက်သွားတာပါ။
လက်ရှိမှာတော့ ရန်ကုန်အပါအဝင် ဒေသအများစုမှာ စက်သုံးဆီ ဝယ်ယူဖို့အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရတာကိုလည်း မြင်တွေ့ရပါတယ်။