ရန်ကုန်မြို့ရဲ့ ဇူလိုင် ၁၂ ရက် အောက်တိန်း 92 ရည်ညွှန်းလက်လီဈေးဟာ တစ်လီတာကို ၂၇၀၀ ကျပ် သတ်မှတ် ထားတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၂၇၀၀ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၂၈၂၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၄၆၅ ကျပ် နဲ့ ပရီမီယမ်ဒီဇယ် တစ်လီတာကို ၂၈၉၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်းဈေးဟာ ဇူလိုင် ၁၁ ရက် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးအချို့ရဲ့ အောက်တိန်း 92 ရည်ညွှန်းလက်လီဈေးဟာ အနည်း ငယ် မြင့်တက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စက်သုံးဆီတွေ ဝယ်ယူသုံးစွဲရာမှာ အရည် အသွေးစံချိန်စံညွှန်းကိုက်ညီမှုနဲ့ အခြင်အတွယ်ပြည့်မှီမှန်ကန်မှုရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်တွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနကနေ သိရပါတယ်၊၊