ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအတွက် တင်ဒါ ခေါ်ယူကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တင်ဒါလက်ခံရေး နှင့် စိစစ်ရေးကော်မတီက မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အခုလို သောင်တူးဖော်ရှင်းလင်းတာကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကနေ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အထိ (၃)နှစ်စာကို ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ်ချင်းစီ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် သောင်တူးတဲ့ လုပ်ငန်းအတွေ့အကြုံ၊ စက်ယန္တရား၊ နည်းပညာပြည့်စုံတဲ့ ပြည်တွင်း/ပြည်ပ ဖက်စပ် ကုမ္ပဏီကြီးတွေအနက် အသင့်လျော်ဆုံး ကုမ္ပဏီတစ်ခုကို တင်ဒါစိစစ်ရွေးချယ်သွားမှာ ဖြစ်တယ်လို့လည်း ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။တင်ဒါလျှောက်လွှာတွေကို မေ ၆ ရက်ကနေ ၁၉ ရက်အထိ ဗိုလ်တထောင်မြိုနယ်ရှိ ဗဟိုပစ္စည်းထိန်းဌာနမှာ ဝယ် ယူနိုင်ပြီး မေ ၂၀ ရက်မှာတော့ ဝယ်ယူထားတဲ့ တင်ဒါလျှောက်လွှာတွေကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)မှာ ပြန်လည်တင်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။