အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်မြို့မှာ EV City Bus တွေ ပြေးဆွဲသွားဖို့ ကြိုးပမ်းနေတယ်လို့ လက်ရှိရန်ကုန်မြို့မှာ YBSယာဥ်လိုင်းတွေပြေးဆွဲနေတဲ့ ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်က One Newsကို ပြောပါတယ်။

EV City Busတွေ ပြေးဆွဲနိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ပြီးခဲ့တဲ့စက်တင်ဘာလက စီမံချက်တင်ပြခဲ့ပြီး လိုအပ်တဲ့အချက်တချို့ ဖြည့်စွက်ကာ အခုလအတွင်း ထပ်မံတင်ပြနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ရန်ကုန်မြို့မှာ EV City Bus တွေ ပြေးဆွဲမယ်ဆိုရင် အများပြည်သူတွေအတွက် သက်သာစေမယ့် ကားခဈေးနှုန်း တွေ သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့တချို့ကအကြံပြုထားပါတယ်။

အခုလက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ EV Taxi တွေ ပြေးဆွဲပေးနေတာရှိသလို အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်း တချို့ကလည်း EV Highway Express Bus တွေနဲ့ ပြေးဆွဲပေးနေတာရှိပါတယ်။