စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဩဂုတ် ၁၉ ရက်အတွက် ရန်ကုန် မြို့ စက်သုံးဆီဈေးနှုန်းတွေကို ထုတ်ပြန်ချက်အရ အောက်တိန်း 92 တစ်လီတာကို ၂၉၉၀ ကျပ် ပေါက်ဈေး ရှိနေ တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၉ရက်အတွက် ရန်ကုန်မြို့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ် လီတာကို ၂၉၉၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၁၄၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၆၂၀ ကျပ် နဲ့ ပရီ မီယမ် ဒီဇယ် တစ်လီတာကို ၃၂၁၀ ကျပ် သတ်မှတ် ထားတာဖြစ်ပါတယ်။
ဒီဈေးနှုန်းတွေဟာ ဩဂုတ်လ ၁၇ ရက် နှိုင်းယှဉ်ရင်တော့ 92 တစ်လီတာကို ၉၀ ကျပ်၊ 95 တစ်လီတာကို ၉၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၆၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၉၅ ကျပ်လောက် မြင့်တက်သွားတာ ဖြစ် ပါတယ်။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်း လက်လီ ဈေးကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်မြင့်တက်လာတယ်လို့လည်း သိရပါတယ်။