စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ် ၃၀ ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေကိုထုတ်ပြန်ရာမှာ အရင်နေ့ကထက် ဈေးမြင့်တက်သွားတာကိုတွေ့ရပါတယ်။
ရန်ကုန်မြို့ရဲ့ ဩဂုတ် ၃၀ ရက်အတွက် အောက်တိန်း 92 တစ်လီတာကို ၃၁၀၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၃၂၄၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၅၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၃၂၉၅ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီဈေးနှုန်းတွေဟာ ဩဂုတ် ၂၉ ရက်နဲ့ နှိုင်းယှဉ်ရင်တော့ အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၁၂၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာကို ၄၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ်တစ်လီတာကို ၉၅ ကျပ်လောက် မြင့်တက်သွားတာဖြစ်ပါတယ်။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးကလည်း အရင်နေ့ပေါက်ဈေးထက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။