ရန်ကုန်မြို့က ဆန်အရောင်းဆိုင်တွေမှာ လတ်တလော ဆန်အရောင်းအဝယ်ပါးနေပြီး ဆန်ဈေးနှုန်းတွေကလည်း တည်ငြိမ်နေတယ်လို့ ရန်ကုန်မြို့ ဆန် လက်လီ၊ လက်ကားအရောင်းဆိုင်တွေဆီကနေ သိရပါတယ်။

ဆန်အရောင်းဆိုင်တွေမှာ ဆန်ချောထက် ဆန်ကြမ်းအမျိုးအစား ဝယ်ယူသူတွေက ပိုများနေတာကြောင့် ဆန်ကြမ်းအရောင်း ပိုသွက်နေတယ်လို့ ဆိုပါတယ်။ဈေးနှုန်းအနေနဲ့ ဆန်ချောအသစ် တစ်အိတ်ကို ၁၂၅၀၀၀ ကျပ်ကနေ ၁၄၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းကတော့ ၁၅၂၀၀၀ ကျပ်ရှိပြီး ဆန်ကြမ်းအသစ် တစ်အိတ်ကို ငွေကျပ် ၈၀၀၀၀ ကျော်ဝန်းကျင် ရှိတယ်လို့ ရန်ကုန်မြို့ ရွှေမိုးဆန်ရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခု ဇန်နဝါရီလအတွက် ဆန်ရည်ညွှန်းဈေးအနေနဲ့ ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ် ၇၃၀၀၀ ကနေ ကျပ်တစ်သိန်းခွဲအထိ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။