အသစ်ပေါင်းစပ်တီထွင်ထားတဲ့ AI ဉာဏ်ရည်တုလုပ်ငန်းနဲ့ ဆိုရှယ်မီဒီယာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါး ရရှိနိုင်ဖို့ အီလွန်မက်စ်ရဲ့ xAI Holdings က ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆွေးနွေးနေတယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးချက် တွေအရ xAI ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံကျော်အထိ ရှိနိုင်ပြီး လတ်တလော ဆွေးနွေးမှုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀ ဘီလီယံကျော်လောက် ဖြစ်နိုင်တယ်လို့ xAI နဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ယောက် က ပြောကြားထားပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀ ဘီလီယံနီးပါးရရှိရးနဲ့ပတ်သက်ပြီး xAI အနေနဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေ ကို ချက်ချင်းတုံ့ပြန်ဖြေကြားတာတော့ မရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့လ အတွင်းက xAI ဟာ အရင် Twitter လို့ လူသိများခဲ့တဲ့ လူမှုကွန်ရက် X ကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံနဲ့ ရယူခဲ့ပြီးတဲ့နောက် အီလွန်မက်စ်ရဲ့ AI လုပ်ငန်းတန်ဖိုးကို ရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ လူမှုကွန်ရက်မှာ မျှဝေခွင့်ရခဲ့တယ်လို့ သိရပါတယ်။