ပြည်တွင်းအလုပ်အကိုင် ၁၅၀၀ နီးပါးအတွက် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၄)ခုကို ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ဇူလိုင် ၂၄ ရက်က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ခွင့်ပြုလိုက်တဲ့ လုပ်ငန်းသစ်တွေကတော့ ဟိုတယ်ဝန်ဆောင်မှုကဏ္ဍမှာ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုနဲ့ စက်မှုကဏ္ဍမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်နဲ့ အဝတ်အစား အမျိုးမျိုး ချုပ်လုပ် တဲ့လုပ်ငန်း၊ CMP စနစ်နဲ့ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်တဲ့လုပ်ငန်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄)ခုရဲ့ မတည်ငွေရင်းပမာဏမှာ ငွေကျပ် သန်း (၁၂၀၀)ကျော်နဲ့ အမေရိကန် ဒေါ်လာ ၂ သန်းကျော် ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၅၀၀ နီးပါးအတွက် ဖန်တီး ပေးနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။