ပြည်တွင်း စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် စုစုပေါင်း ၉ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်က ခွင့်ပြုပေးလိုက်ပါတယ်။အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ၃ / ၂၀၂၅ ကြိမ်မြောက် အ စည်းအဝေးမှာ ခွင့်ပြုပေးလိုက်တာပါ။စက်မှုကဏ္ဍ နဲ့ ဝန်ဆောင်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃ ခု နဲ့ စက်မှုကဏ္ဍ မှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၆ ခု ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်းနဲ့ ကျပ် သန်း ၃သောင်းကျော် ဖြစ်တယ်လို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။ရင်းနှီးမြှုပ်နှံဖိုခွင့်ပြုခဲ့တဲ့လုပ်ငန်းတွေထဲမှာ ဆိုလာနဲ့ဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း ၊ လျှပ်စစ်သွယ်တန်းတာနဲ့ဆက် စပ်တဲ့လုပ်ငန်း၊ အရန်သင့်အစားအစာပြင်ဆင်ထုတ်လုပ်တဲ့လုပ်ငန်း၊ CMP စနစ်နဲ့ အထည်ချုပ်လုပ်ငန်း ၊ သံနဲ့သံမဏိအခြေခံပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းနဲ့ တစ်ခြားလုပ်ငန်းတွေ ပါဝင်ပါတယ်။ဒီလုပ်ငန်းတွေကနေ ပြည်တွင်းမှာလုပ်သား ၉၇၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်မယ်လို သိရပါတယ်။

အခု ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံနဲ့ဒေသပေါင်း ၅၃ ခုရှိပြီး စင်ကာပူ ၊ တရုတ်နဲ့ ထိုင်းတိုက ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်နေပါတယ်။စီးပွားရေးကဏ္ဍ ၁၂ ခုရှိတဲ့ထဲက စွမ်းအင်ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈ ဒသမ ၃၄ ရာခိုင်နှုန်း ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာတော့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၂၄ ဒသမ ၆၉ ရာခိုင်နှုန်း ၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်း နဲ့ အသီးသီး ရင်းနှီးမြှုပ်နှံထားပါတယ်။