လျှပ်စစ်သုံး မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၄ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်နဝါရီလ ၃၀ ရက်မှာ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ဇန်နဝါရီ(၃၀)ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမမှာကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ အစည်းအဝေးကနေ သိရတာပါ။

အဲဒီခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းသစ်တွေကတော့ ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည် ငွေရင်းတိုးမြှင့်တာအပါအဝင် ဝန်ဆောင်မှုကဏ္ဍက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်တစ်ခုနဲ့ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃ ခုကို ခွင့်ပြုပေး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ကျပ်သန်းပေါင်း (၃၄၅၀၀၀)ကျော်နဲ့ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆၈၄ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၅၀၀ ကျော်အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင် မှာ ဖြစ်ပါတယ်။

ခွင့်ပြုခဲ့တဲ့ လုပ်ငန်းသစ်တွေထဲမှာ နိုင်ငံတော်က အားပေးမြှင့်တင်နေတဲ့ လျှပ်စစ်သုံး မော်တော် ယာဉ် အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းပါဝင်သလို စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ ထုတ်လုပ် တဲ့လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်၊၊ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၃၄ သန်းနီးပါး၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၇ ထရီလီယံနီးပါး ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်၊၊