လျှပ်စစ်သုံး မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ငါးခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဩဂုတ်လ ၅ ရက်မှာ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်းသစ်တွေကတော့ ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်တာအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနဲ့ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ငါးခုကို ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းသစ်တွေထဲမှာတော့ နိုင်ငံတော်ကအားပေးမြှင့်တင်နေတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းလည်းပါဝင်ပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၅)ခုရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ကျပ်သန်းပေါင်း(၅၇၀၀၀)ကျော်နဲ့ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၂၀၀၀ ကျော်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။